• ပြည်သူ့စစ်များ ဆုတ်ခွာပေးရန် RCSS တပ်ဖွဲ့များက ရာဇသံပေး

    ပြည်သူ့စစ်များ ဆုတ်ခွာပေးရန် RCSS တပ်ဖွဲ့များက ရာဇသံပေး

    ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် မန်လီ ကျေးရွာအုပ်စု အတွင်း လားရှိုး-လွယ်လင် လမ်မကြီး အနောက်ခြမ်း ကျေးရွာများရှိ အသွင်ပြောင်း ဆင်ကျော့/မိုင်းခေး ပြည်သူ့စစ် အုပ်ချုပ်ရေးများကို ဒီကနေ့ မေလ ၂၀ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းပေးရန် RCSS တပ်ဖွဲ့က မိုင်းခေးပြည်သူ့စစ်အဖွဲ့ကို အကြားကြားထားကြောင်း သတင်းရရှိပါတယ်။

  • ခွန်ထွန်းဦး တိုက်ကြီး ရှမ်းစာသင်တန်းဆင်းပွဲ တက်ရောက်

    ခွန်ထွန်းဦး တိုက်ကြီး ရှမ်းစာသင်တန်းဆင်းပွဲ တက်ရောက်

    ပါတီတည်ထောင်ခွင့် ရရှိပြီးသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦး ဟာ ဒီကနေ့ မေ ၂၀ ရက်နေ့မှာ ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် နွေရာသီ ရှမ်းစာသင်တန်းဆင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

  • အစိုးရနဲ့ RCSS ၁၁ နာရီကြာဆွေးနွေးပြီး ၁၂ ချက် လက်မှတ်ထိုး

    အစိုးရနဲ့ RCSS ၁၁ နာရီကြာဆွေးနွေးပြီး ၁၂ ချက် လက်မှတ်ထိုး

    ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ (RCSS) နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တို့ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ တြိဂံတိုင်း စစ်ဌာနချုပ်မှာ မနေ့က မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီကစပြီး ည ၈ နာရီကျော်အထိ ၁၁ နာရီကြာဆွေးနွေးခဲ့ပြီး သဘောတူညီချက် ၁၂ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

  • သိန္နီ-ကွတ်ခိုင် အကြား စကခ(၁၆) ပြောင်းခင်း တိုက်ခိုက်ခံရ

    သိန္နီ-ကွတ်ခိုင် အကြား စကခ(၁၆) ပြောင်းခင်း တိုက်ခိုက်ခံရ

    ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့ နဲ့ ကွတ်ခိုင်မြို့ အကြားမှာရှိတဲ့ အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် သက်သာချောင်ချိရေး ပြောင်းဖူးစိုက်ခင်းထဲမှာ ရှိတဲ့ အစိုးရတပ်သားတချို့ကို အခြား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဒီကနေ့မနေ့ လင်းအားကြီးမှာ လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်သွားလို့ အစိုးရတပ်သား နှစ်ဦး ကျဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

  • နော်ဝေ ဝန်ကြီးချုပ်ဟောင်းနှင့် အဖွဲ့ UNA ခေါင်းဆောင်များအား လာရောက်တွေ့ဆုံ

    နော်ဝေ ဝန်ကြီးချုပ်ဟောင်းနှင့် အဖွဲ့ UNA ခေါင်းဆောင်များအား လာရောက်တွေ့ဆုံ

    နော်ဝေ ဝန်ကြီးချုပ်ဟောင်း၊ အော်စလို ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး စင်တာ ဥက္ကဋ္ဌ မစ္စတာ ကေဂျယ် မိန်း ဘွန်ဒီဗစ် နဲ့အဖွဲ့ဟာ ဒီကနေ့ မေ ၁၄ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများမဟာမိတ် အဖွဲ့ဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များနဲ့ ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦးရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

  • သိန္နီမြို့ ရေကန်ကို ဆည်မြောင်းက ပြုပြင်

    သိန္နီမြို့ ရေကန်ကို ဆည်မြောင်းက ပြုပြင်

    ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့အဝင်မှာ တည်ရှိတဲ့ ရေကန်ဟာ ဒီနှစ်မှာ ရေမကျန်အောင် ခန်းခြောက်သွားတာကြောင့် ပြီးခဲ့တဲ့ ဧပြီလကုန်ကတည်းက စတင်ပြီး ဆည်မြောင်းဦးစီးဌာနက စက်ယန္တရားများနဲ့ လာရောက်ပြုပြင်နေတယ်လို့ သတင်းရရှိပါတယ်။

 
 

သတင်းပုံရိပ်များ